[Daily Dose of English] 🕗 Avoid Vs. Prevent
top of page

[Daily Dose of English] 🕗 Avoid Vs. Prevent

How are you, everyone? 👋 ဒီနေ့ရဲ့ Daily Dose လေးမှာတော့ အသုံးရောတတ်တဲ့ ENglish Words လေးနှစ်ခုကို ခွဲခြားမှတ်မိသွားအောင် ကူညီပေးမှာဖြစ်ပါတယ်။ English စာကို လေ့လာတဲ့အခါ ပြီးတော့ အသုံးပြုတဲ့အခါတွေမှာ ရောတတ်တဲ့ စကားလုံးတွေက အနှောင့်အယှက် ဖြစ်နိုင်တာမို့ ကွဲပြားအောင် နားလည်ထားဖို့ လိုပါတယ်နော်။ Let’s get started!👋



Avoid Vs. Prevent


🍀 Avoid ရဲ့ အဓိပ္ပာယ်ကို ကြည့်မယ်ဆိုရင်- မဖြစ်အောင် တားဆီးတယ်၊ ရှောင်တယ် လို့ အဓိပ္ပာယ် ရပါတယ်။


🍀 Prevent ရဲ့ အဓိပ္ပာယ်ကလည်း တားဆီးတယ် လို့ပဲ ဆိုလိုပါတယ်။

ဒါကြောင့် ဘယ်စကားလုံးကို ဘယ်နေရာမှာ သုံးသင့်လဲဆိုတာကို ရောနေတတ်ပါတယ်။

ကွဲပြားပုံလေးတွေကို ပြောပြပေးပါမယ်။


🍀 Prevent ရဲ့ အဓိပ္ပာယ်က ‘Stop’ ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဆက်နွယ်ပါတယ်။

တစ်ခုခုမဖြစ်ခင် ရပ်တန့်အောင် လုပ်တယ်။ တစ်ယောက်ယောက် တစ်ခုခု မလုပ်ခင်

ရပ်တန့်အောင်တားတယ်ဆိုတဲ့ဘက်ကို သွားပါတယ်။

ဥပမာ-

The arrival of police prevented crime.

His hand prevented the cup falling.

Losing my passport prevented me from flying.


🍀 Avoid ရဲ့ အဓိပ္ပာယ်က ‘Miss’ ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပိုနီးစပ်ပါတယ်။

ရှောင်တိမ်းတယ်၊ ဖယ်ရှောင်တယ် ဆိုတဲ့ဘက်ကို သွားပါတယ်။ ကိစ္စတစ်ခု ကိုယ့်ဆီ မဖြစ်လာအောင် ရှောင်တယ်ဆိုတဲ့ သဘောမျိုးကို သုံးတာများပါတယ်။

ဥပမာ-

I avoided the slap easily.

I avoided being discovered by hiding.


ဒါဆိုရင်တော့ ရောတတ်တဲ့ Avoid နဲ့ Prevent တို့ကို ကွဲပြားပြီး လိုအပ်တဲ့နေရာမှာ မှန်ကန်အောင် အသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မနက်ဖြန်လည်း Daily Dose နဲ့အတူ English စာလေ့လာကြပါမယ်နော်။ See you tomorrow!👋


16 views0 comments

Recent Posts

See All
bottom of page