top of page

[Daily Dose of English] 🕗 Conversations in Restaurant

Hello everyone 👋! ဒီနေ့ရဲ့ Daily Dose မှာတော့ Restaurant တစ်ခုကိုရောက်တဲ့အခါ အသုံးဝင်မယ့် Conversation လေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ English speaking country တစ်ခုခုက စား‌သောက်ဆိုင်တစ်ခုကို ရောက်တဲ့အခါ သဘာဝကျကျ ပြောဆိုတတ်ချင်တယ်ဆိုရင် ဒီစာလေးက အထောက်အကူဖြစ်မှာပါ။ ပထမဆုံးအနေနဲ့ Restaurant က Staff တစ်ယောက်ယောက်ကနေ ကိုယ့်ကို ပြောနိုင်တဲ့ စကားလေးတွေကို လေ့လာကြည့်ရအောင်။ 💁‍♀️



🍽 Can I take your order?

Order ကို ကျွန်‌တော်/ ကျွန်မ လက်ခံပေးလို့ ရမလား?


🍽 Are you ready to order yet?

မှာဖို့ အသင့်ဖြစ်ပြီလား?


🍽 What do you like for the appetizer/ main course/ dessert?

ခံတွင်းမြိန်စာ/ အဓိကဟင်းပွဲ/ အချိုပွဲ အတွက် ဘာသုံးဆောင်မလဲ?


🍽 How would you like your dish?

ဟင်းပွဲကို ဘယ်လို အနေအထားမျိုးကြိုက်ပါသလဲ?


🍽 Sorry, …. are off.

တောင်းပန်ပါတယ်။ ဒီဟင်းပွဲကကုန်သွားပါပြီ။


🍽 It’ll be 30 minutes.

(၃၀)မိနစ်လောက် ကြာပါမယ်။


🍽 What would you like to drink with your meal?

အစားအစာနဲ့အတူ သောက်စရာရော ဘာသောက်ချင်ပါသလဲ?


မနက်ဖြန်မှာတော့ ကိုယ်က စားသောက်ဆိုင်ဝန်ထမ်းဘက်ကို ကိုယ်က ပြောလို့ရမယ့် စကားလေးတွေကို ဆက်လက်မျှဝေပေးသွားမှာ ဖြစ်လို့ ဆက်လက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်နော်။ See you tomorrow 👋!


18 views0 comments

Comments


bottom of page