[Daily Dose of English] 🕗 Difference between Wait and Await
top of page

[Daily Dose of English] 🕗 Difference between Wait and Await

What’s good, everyone 👋? ဒီနေ့ရဲ့ Daily Dose မှာတော့ အသုံးအနှုန်းလွဲမှားတတ်တဲ့ English စကားလုံးလေး နှစ်ခုအကြောင်းကို Example တွေနဲ့ နှိုင်းယှဉ်ပြီး သေချာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ‘Wait’ နဲ့ ‘Await’ ဆိုတဲ့ စကားလုံး(၂)လုံး ဘယ်လို ကွဲပြားသလဲ ဘယ်လို အသုံးချရမလဲ ဆိုတာလေးတွေကို ကြည့်ကြရအောင်။💡



⏳ Wait = စောင့်တယ်၊ စောင့်စားတယ်လို့ အဓိပ္ပာယ်ရပါတယ်။

⏳ Await = အသင့်စောင့်တယ်၊ စောင့်မျှော်တယ်လို့ အဓိပ္ပာယ်ရပါတယ်။


အဓိပ္ပာယ်ချည်းပဲ ကြည့်မယ်ဆိုရင် ကွဲပြားတာ မရှိသလောက်ဖြစ်ပါတယ်။

ဒါဆိုရင် ဘယ်နားကကွဲပြားသလဲ?

စာကြောင်းတစ်ကြောင်းမှာ အသုံးပြုပုံချင်း ကွဲပြားပါတယ်။


⏳ Wait ကို Preposition တစ်ခုခုနဲ့ တွဲပြီးသုံးပါတယ်။ (wait for)

Wait ဆိုတဲ့ အသုံးဟာ Formal အရမ်းမဆန်ပါဘူး။

Wait ကို အရာဝတ္ထုတွေအတွက်ရော လူတွေအတွက်ပါ သုံးလို့ ရပါတယ်။


Example:

I will wait for the bus to arrive.

All we can do is wait for the police to arrive.

Are you waiting for something?


⏳ Await ဆိုတာကတော့ နောက်ကနေ Object တစ်ခု လိုက်ကို လိုက်ရပါတယ်။

Formal ပိုဆန်တဲ့ အသုံးဖြစ်ပါတယ်။

အရာဝတ္ထုတွေ (things) နဲ့ပဲ သုံးတာများပါတယ်။

Example:

I’ll await your call.

What awaits in New York?

Dozens of letters are awaiting you.


ဒါဆိုရင်တော့ ‘Wait’နဲ့ ‘Await’ တို့ကို ကွဲပြားအောင် အသုံးချနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ မနက်ဖြန်မှာလည်း အားလုံးအတွက် အသုံးဝင်မယ့် Englishလေ့လာစရာတွေနဲ့ အတူ Daily Dose က ပြန်လာခဲ့ပါမယ်။ See you tomorrow 👋


15 views0 comments

Recent Posts

See All
bottom of page