[Daily Dose of English] 🕗 English expression related with winter ❄
top of page

[Daily Dose of English] 🕗 English expression related with winter ❄

Hello everyone 👋! တစ်ချို့သော နိုင်ငံတွေမှာ ‌ဆောင်းရာသီကို ကူပြောင်းနေကြပြီဆိုတာ သိပါသလား? ဒါကြောင့် ဒီ‌နေ့ရဲ့ Daily Dose မှာဆိုရင်တော့ ဆောင်းရာသီနဲ့ ပတ်သက်တဲ့၊ အေးချမ်းတာနဲ့ ပတ်သက်တဲ့ English အသုံးအနှုန်းလေးတွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ Let’s get started! ❄



⛄ to chill out

နေ့တစ်နေ့မှာ ပင်ပန်းထားပြီး အနားယူတယ်လို့ ပြောချင်တဲ့အခါ သုံးတဲ့ စကားစုလေး ဖြစ်ပါတယ်။

[Cooling Breath is a perfect way to chill out after a long day.]


⛄ snowed under

အလုပ်တွေအရမ်းများပြီး လုပ်စရာအချိန်မရှိတော့ဘူး၊ အလုပ်တွေ ပိနေတယ်ဆိုရင် သုံးလို့ရတဲ့ အသုံးအနှုန်းလေး ဖြစ်ပါတယ်။

[I feel snowed under with all the work my boss keeps throwing my way.]


⛄ put it on ice

အလုပ်တစ်ခုကို မလုပ်သေးဘူး ခဏရပ်ထားမယ်၊ ခဏအချိန်ဆွဲထားမယ်၊ နောက်ရွှေ့မယ်လို့ အဓိပ္ပာယ်ရပါတယ်။

[We decided to put the project on ice until we hire a new project manager.]

⛄ on thin ice

အန္တရာယ်နဲ့ ကပ်သီလေးလွတ်တဲ့ အခြေအနေမျိုး၊ အမှားလုပ်ဖို့ သီသီလေးပဲ လိုတာမျိုးကို သုံးတာဖြစ်ပါတယ်။

[He'd been on thin ice with this whole subject since the beginning.]


⛄ to wrap up warm

နွေးထွေးအောင် ဝတ်တယ်၊ အထပ်ထပ်ထုပ်ပြီး ဝတ်တယ် လို့ အဓိပ္ပာယ်ရပါတယ်။

[You need to wrap yourself up warm in order to go out in the morning.]


အေးတဲ့ ရာသီဥတုကို မခံစားရသေးပေမယ့် ဒီအသုံးလေးတွေကတော့ အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ မနက်ဖြန်မှာလည်း အချိန်လေးနည်းနည်းပေးပြီး Daily Dose နဲ့အတူ Englishစာ လေ့လာကြရအောင်ပါ။ See you tomorrow 👋!


26 views0 comments

Recent Posts

See All
bottom of page