What’s good, everyone 👋? ဒီနေ့လည်း အရင်နေ့တွေကလို တိုတိုနဲ့ ထိထိရောက်ရောက်ရှိမယ့် Englishစာ လေ့လာဖို့ အဆင်သင့်ပဲလို့ ထင်ပါတယ်။ ဒီနေ့မျှဝေပေးမှာကတော့ “out” ဆိုတဲ့ စကားလုံးလေးနဲ့ ဆုံးတဲ့ အသုံးအနှုန်းလေးတွေဖြစ်ပါတယ်။ Let’s go and see what’s in here 🙌!
🌱 Pass out
သတိလစ်သွားတယ်လို့ ဆိုလိုပါတယ်။
[ Daniel passed out due to lack of hydration.]
🌱 Blackout
မီးပျက်သွားတာကို ဆိုလိုပါတယ်။
[There was a recent blackout in the basement.]
🌱 Hand out
တစ်ခုခုကို ဝေတယ်၊ ကမ်းတယ်၊ မျှဝေပေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
[I am going to hand out some candies to my brother’s classmates.]
🌱 Workout
လေ့ကျင့်ခန်းလုပ်တာကို ပြောတာဖြစ်ပါတယ်။
[ Ruby does daily workouts in the gym.]
🌱 Work out
အလယ်မှာ Space ပါတဲ့ Work out ကတော့ အဆင်ပြေအောင် ဖြေရှင်းတယ်လို့ အဓိပ္ပာယ်ရပါတယ်။
[ I have been working out this math problem for a long time.]
“Out” ဆိုတဲ့ စကားလုံးလေးပါတာတူပေမယ့် အဓိပ္ပာယ် ကွဲသွားတဲ့ အသုံးအနှုန်းလေးတွေကို လေ့လာလိုက်ရမယ်လို့ မျှော်လင့်ပါတယ်။ မနက်ဖြန် မှာလည်း English ကို တိုတိုနဲ့ နည်းနည်းချင်း ထိထိရောက်ရောက် လေ့လာကြရအောင်ပါ။ See you tomorrow 👋!
Comentarios