top of page

[Daily Dose of English] 🕗 Halloween Vocabularies 🎃

Happy Halloween, everyone !👻🎃

ဒီနေ့မှာတော့ Daily Dose ကနေ Halloween မှာသုံးလေ့ရှိတဲ့ Vocabulary လေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ အားလုံးပဲ Halloween ရာသီအမီ ဒီစကားလုံးလေးတွေကို လေ့လာလိုက်ကြရအောင်ပါ။ Let’s get spooky 👻



🎃haunted house

သရဲအိမ်၊ ခြောက်လှန့်တတ်တဲ့ အိမ်ကြီးလို့ အဓိပ္ပာယ်ရပါတယ်။


🎃 tombstone

သင်္ချိုင်းတွေမှာရှိတဲ့ မြေပုံကျောက်တိုင်တွေ ဖြစ်ပါတယ်။


🎃 cauldron

ရုပ်ရှင်တွေမှာ တွေ့ရလေ့ရှိတဲ့ ဆေးကျိုတဲ့ အိုးဝိုင်းကြီးဖြစ်ပါတယ်။ ဥပမာ Snow white ကားထဲက မှော်စုန်းမ ဆေးကျိုတဲ့ အိုးလိုမျိုးပါ။


🎃 cobweb

Halloween နဲ့ အမြဲဆက်စပ်လေ့ရှိတဲ့ ပင့်ကူအိမ်ကို ခေါ်တာဖြစ်ပါတယ်။


🎃 jack-o-lantern

Halloween မှာ မပါမဖြစ် ရွှေဖရုံသီး မီးအိမ်လေးရဲ့ အမည်ဖြစ်ပါတယ်။


🎃 wicked

မကောင်းဆိုးဝါးနဲ့ ပတ်သက်တာ၊ မှားယွင်းဆိုးရွားနေတာ လို့ အဓိပ္ပာယ်ရပါတယ်။


🎃 hocus-pocus

သူကတော့ abracadabra လိုပဲ မန်းမှုတ်တဲ့ Spell တစ်မျိုးပဲ ဖြစ်ပါတယ်။


အားလုံး Halloween ညလေးမှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဘာလုပ်ပြီး Halloween ညကို ကုန်ဆုံးရမှန်းမသိရင်တော့ Hysanရဲ့ Halloween Fun Night Facebook Live လေးမှာ ပါဝင်ဆော့ကစားရင် ဆုတွေယူဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

See you tomorrow 👋👻


9 views0 comments

Comentários


bottom of page