top of page

[Daily Dose of English] 🕗 Synonyms for 'Cry'

Hello everyone 👋! ဒီနေ့မှာတော့ Synonyms လေးတွေကို လေ့လာကြပါမယ်။ English စာမှာ Vocabulary တွေကြွယ်ဝဖို့က Synonym တွေကို ပိုင်နိုင်ရင် အများကြီး အသုံးဝင်ပါတယ်။ ဒီနေ့လေ့လာမယ့် Synonym တွေကတော့ “Cry” ဆိုတဲ့ Verbလေးရဲ့ Synonymတွေပဲ ဖြစ်ပါတယ်။ Let’s see what’s in here 🍎!



💧 bawl

ရှိုက်ကြီးတငင်ငိုတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။


💧 burst into tears

ဝမ်းနည်းနေရာကနေ မျက်ရည်တွေရုတ်တရက်ကျပြီး ငိုတာမျိုးဖြစ်ပါတယ်။


💧 whimper

တအိအိအသံမြည်ပြီး ငိုတာဖြစ်ပါတယ်။


💧 sob

ငိုရင်းရှိုက်တာဖြစ်ပါတယ်။


💧 wail

အသံအကျယ်ကြီးနဲ့ ငိုကြွေးတာမျိုးဖြစ်ပါတယ်။


💧 weep

သူကလည်း wail နဲ့ အဓိပ္ပာယ်ဆင်တူပါတယ်။ ငိုကြွေးတယ်လို့ ဆိုလိုပါတယ်။


💧 shed tears

ဒါကတော့ မျက်ရည်တွေဝဲလာတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။


အားလုံးက အဓိပ္ပာယ်နည်းနည်းစီကွဲပေမယ့် ‘Cry’ သုံးတဲ့ နေရာတွေမှာ သုံးလို့ရတဲ့ Synonym တွေဖြစ်ပါတယ်။ ကိုယ့်ရဲ့ English အသုံးတွေကို ပိုကျယ်ပြန့်အောင်သုံးလို့ ရတဲ့ စကားလုံးတွေ ဖြစ်လို့ လေ့ကျင့်မှတ်သားထားရင် အကျိုးရှိမှာဖြစ်ပါတယ်။ ဒါဆို See you tomorrow 👋!


271 views0 comments

Recent Posts

See All

Comments


bottom of page