top of page

[Daily Dose of English] 🕗 To Vs. For

Hello again, dear learners 👋! ဒီနေ့ရဲ့ Daily Dose လေးကတော့ စာကြောင်းတွေမှာ တစ်ခါတစ်လေ အသုံးရောတတ်တဲ့ ‘To’ နဲ့ ‘For’ တို့ကို ကွဲပြားအောင်သုံးနည်းလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ Let’s check them out 🙌



📌Reason

အကြောင်းအရင်းကို ပြောပြဖို့ သုံးတဲ့အခါ To ကတော့ Verb နဲ့ တွဲသုံးပြီး For ကတော့ Nounနဲ့တွဲသုံးပါတယ်။

[ I went to the store to buy milk.]

[ I went to the store for milk.]


📌 Time

အချိန်နဲ့ပတ်သက်ပြီး သုံးမယ်ဆိုရင်တော့ Time ကို အချိန်အတိအကျ ပြဖို့သုံးပြီး Forကိုတော့ ကြာမယ့်အချိန်အတိုင်းအတာတစ်ခုကို ဖော်ပြဖို့ သုံးပါတယ်.

[ It was a quarter to six when I left. ]

[ The couple took the house for 2 years. ]


📌 Destination/ Benefit

Toကတော့ ရောက်ရှိမယ့်နေရာ၊ ပန်းတိုင်ကို ဖော်ပြတဲ့‌နေရာမှာသုံးပြီး For ကိုတော့ ရရှိမယ့် အကျိုးရလဒ် တစ်ခုနဲ့ တွဲသုံးပါတယ်။

[ I shall go to Paris next month.]

[A win is always good for morale.]


📌 Compare/ Agree

To ကို တော့ နှိုင်းယှဥ်တဲ့နေရာမှာ သုံးပြီး For ကတော့ သဘောတူတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့လည်း သုံးလေ့ရှိပါတယ်။

[ I prefer this dress to the one you were wearing yesterday.]

[ Are you for or against his idea?]


📌 Give/ Help someone

To က တစ်စုံတစ်ယောက်ကို တစ်ခုခုပေးတဲ့နေရာမှာ အသုံးပြုပြီး Forကတော့ တစ်စုံတစ်ယောက်အတွက် တစ်ခုခု လုပ်ပေးတဲ့နေရာမှာ သုံးတာဖြစ်ပါတယ်။

[ He gave the pen to his friend. ]

[ Could you carry my case for me? ]


To နဲ့ For တို့ရဲ့ စာကြောင်းထဲမှာ အသုံးပြုတဲ့နေရာတွေကို သိရှိသွားကြလိမ့်မယ်လို့ ထင်ပါတယ်။ ကိုယ့်ရဲ့ English Journey မှာ အသုံးဝင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဒါဆိုရင် မနက်ဖြန်ရဲ့ Daily Dose လေးမှာ ပြန်တွေ့ကြပါမယ်နော် See you then 👋.


19 views0 comments

Commentaires


  • Facebook
  • YouTube
  • Instagram
bottom of page