[Daily Dose of English] 🕗 Vocabularies for showing enthusiasm
top of page

[Daily Dose of English] 🕗 Vocabularies for showing enthusiasm

Hello again, everyone👋! ‘Enthusiastic’ ဆိုတဲ့ စကားလုံးလေးကို မကြာခဏ သုံးဖူးပါသလား? အဓိပ္ပာယ်လေးက ‘စိတ်အားထက်သန်တယ်’ လို့ အဓိပ္ပာယ်ရပါတယ်။ ဒီစကားလုံးကို မကြာခဏ သုံးဖူးတယ်ဆိုရင်တော့ တစ်နေရာရာမှာ စိတ်အားထက်သန်တဲ့သူ ဖြစ်မယ်လို့ Daily Dose က ထင်ပါတယ်။ ဒီနေ့ မျှဝေပေးမှာက စိတ်အားထက်သန်မှုကို ဖော်ပြနိုင်တဲ့ Vocabulary လေးတွေပါ။ Let’s see what’s in here! 🌸



#1 Eager

Adjective ဖြစ်ပြီး အနောက်မှာNoun ကပ်လျက် မပါရင် to နဲ့ တွဲသုံးလေ့ရှိပါတယ်။

E.g, He is eager to join our club.


#2 Keen

Noun ကပ်လျက်မပါရင် အနောက်က on နဲ့ တွဲသုံးလေ့ရှိပါတယ်။

E.g, Jessica is keen on playing piano.


#3 Fervent

သူကတော့ အနောက်ကနေ Noun တစ်ခါတည်း လိုက်တာများပြီး Noun တိုက်ရိုက်မပါရင် in နဲ့တွဲသုံးလေ့ရှိပါတယ်။

E.g, He was a fervent supporter of that NBA club.


#4 Ardent

နောက်ကနေ Noun တိုက်ရိုက်လိုက်တာ များပါတယ်။

E.g, My brother is an ardent fan of Messi.


#5 Passionate

အားလုံးနဲ့ ရင်းနှီးပြီးသား ဒီစကားလုံးလေးကိုလည်း Noun ကပ်လျက်ထည့်ပြီး အသုံးများပါတယ်။

E.g, He had a passionate belief in justice.


တစ်ခုခုကို စိတ်အားထက်သန်တဲ့သူတွေအတွက် ကိုယ်စိတ်အားထက်သန်တဲ့အရာကို ဖော်ပြဖို့ Vocabulary တွေ တိုးသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်နေ့မှာလည်း Daily Dose က တူတူ စာလေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ See you tomorrow👋!


18 views0 comments

Recent Posts

See All
bottom of page