top of page
Writer's pictureShoon Lapyae Linn

[Daily Dose of English] 🕗 Warning Phrases

Learnersများအားလုံး မင်္ဂလာရှိတဲ့ တန်ဆောင်မုန်းကာလလေး ဖြစ်ကြပါစေ။🙏🕯 ဒီနေ့ရဲ့ Daily Dose မှာတော့ တစ်ယောက်ယောက်က ကိုယ့်ကို သတိထား! ဆိုပြီး Warning ပေးတာမျိုးမှာ အသုံးပြုတဲ့ စကားပြောလေးတွေကို ဝေမျှပေးမှာဖြစ်ပါတယ်။ Let’s get started 🏃‍♂️



💡 Mind your head.

ခေါင်းအပေါ်မှာ တိုက်မိနိုင်တာ တစ်ခုခုရှိနေတဲ့အခါမျိုးမှာ “တိုက်မိမယ်၊ ခေါင်းကိုသတိထား” လို့ပြောတာ ဖြစ်ပါတယ်။


💡 Keep out the way.

ကိုယ်နဲ့ တိုက်မိခါနီး ဖြစ်နေတဲ့သူတစ်ယောက်ယောက်ကို “တိုက်မိတော့မယ်၊ ရှောင်ပါ ဖယ်ပါ”ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြောတာဖြစ်ပါတယ်။


💡 Be careful.

ဒါကတော့ ကိုယ်က တစ်ခုခုအမှားလုပ်မိတော့မယ့်အခါ၊ သို့မဟုတ် အလေးကြီး မ ထားတဲအခါ “ဂရုစိုက်နော်” “သတိထားနော်” လို့ Warning ပေးတာဖြစ်ပါတယ်။


💡 Look out for that tree.

အရှေ့မှာ သစ်ပင်ရှိနေတာကို မမြင်ဘဲ ဝင်တိုက်မိတော့မယ် အခါမျိုးမှာ သတိ‌‌ပေးတာဖြစ်ပါတယ်။ သစ်ပင်နေရာမှာ တခြားအရာတွေကို အစားထိုးသုံးလို့ရပါတယ်။


💡 Look before you leap.

တစ်ခုခုမလုပ်ခင် သေချာကြည့်ဖို့၊ သေချာ စစ်ဆေးဖို့ Warning ပေးတဲ့သဘော ဖြစ်ပါတယ်။


ဒါဆိုရင်တော့ သူများက ကိုယ့်ကို သတိ‌ပေးတဲ့အခါမှာလည်း သေချာနားလည်ပြီး ကိုယ်ကလည်း တစ်ယောက်ယောက်ကို သတိပေးတဲ့အခါလည်း အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

မနက်ဖြန်မှာလည်း English စာ မျှဝေပေးဖို့ ပြန်လာခဲ့မှာမို့ စောင့်မျှော်‌ပေးကြပါဦးနော်။ See you tomorrow 👋!


21 views0 comments

Recent Posts

See All

Comments


bottom of page