top of page

[Daily Dose of English]🕗 Words to use instead of Scared

Hello dear learners 👋! ဒီနေ့မှာတော့ Halloween လည်းနီးလာပြီဆိုတော့ English လို ကြောက်တာကို ဘယ်လို စကားလုံးတွေသုံးပြီး ဖော်ပြကြမလဲဆိုတာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ Let’s get started!



👻 Panicky

ကြောက်တဲ့ ခံစားချက်ကိုမှ တုန်လှုပ်တာမျိုးပိုနေတာကို ခေါ်ပါတယ်။

[ He became more panicky after hearing the bad news.]


👻 Alarmed

ကြောက်လို့ စိတ်လှုပ်ရှားလို့ သတိကပ်နေတာမျိုးကို ဆိုလိုပါတယ်။

[Susan is alarmed by the violent behaviours that can become worse.]


👻 Startled

ဒါကတော့ ရုတ်တရက် လန့်သွားတာလို့ အဓိပ္ပာယ်ရပါတယ်။

[He looked startled for a moment, and then composed himself.]


👻 Spooked

ဒီအသုံးအနှုန်းကတော့ Halloween နဲ့ ပိုဆက်စပ်ပါတယ်။ ကြောက်လန့်တယ်လို့ပဲ အဓိပ္ပာယ်ရပါတယ်။

[They were pretty spooked by the odd noises outside.]


👻 Intimidated

သူ့အဓိပ္ပာယ်ကတော့ ကြောက်လန့်တာမဟုတ်ဘဲ ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိလို့ ကြောက်တာနဲ့ ပိုနီးစပ်ပါတယ်။

[I always wanted to write a novel, but I felt intimidated.]


ကြောက်လန့်တာကိုမှ မတူတဲ့ ခံစားချက်တွေကို သုံးနှုန်းလို့ ရတဲ့ စကားလုံးတွေကို လေ့လာလိုက်ရမယ်လို့ မျှော်လင့်ပါတယ်။ နောက်နေ့တွေမှာလည်း Daily Dose နဲ့အတူ English စာ လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ See you tomorrow! 👋


11 views0 comments

Recent Posts

See All

Comments


bottom of page