Get higher IELTS band score with these Tips & Chips


IELTS ဖြေချင်တယ်။ Band Score မြင့်မြင့် ရချင်တယ်။ ဘယ်ကနေစလုပ်ရမလဲ ??🤔


အဲ့လိုမျိုးလေးစဉ်းစားရခတ်နေတဲ့သူတွေအတွက် ပြင်ဆင်လို့ရမယ့် tips တွေကိုဝေမျှပေးလိုက်ပါတယ်။ 💁‍♀️


1. အင်္ဂလိပ်စာ 4 Skills လုံးကိုလေ့ကျင့်ပါ။ ✍️


သေချာတာကတော့ IELTS exam မှာ အင်္ဂလိပ်စာ 4 Skills စလုံးကိုမေးမှာဖြစ်သလို လေးမျိုးစလုံးရဲ့အမှတ်ကလည်းအရေးကြီးပါတယ်နော်။ နေ့စဉ်မှာ ကိုယ့်ရဲ့ English 4 Skills ကို Advance လုပ်ပေးရပါမယ်။


2. သတင်းစာဖတ်ပါ။ သတင်းနားထောင်ပါ။ Documentaries ကြည့်ပါ။🕵️‍♀️

IELTS မှာ နေ့စဉ်သုံးရိုးရိုးအင်္ဂလိပ်စာကိုပဲမေးတာမဟုတ်ပါဘူး။ Advanced vocabulary တွေနဲ့ ပညာသားပါပြီးနက်နဲတဲ့အဓိပ္ပာယ်ပါတဲ့အကြောင်းအရာတွေနဲ့မေးခွန်းထုတ်ထားတာဖြစ်ပါတယ်။ အဲ့လို မတူညီတဲ့Vocabulary တွေ၊ အကြောင်းအရာတွေကို သတင်း နဲ့ Documentaries တွေထဲကလေ့လာပြီးကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်နော်။


3. ကိုယ့်ရဲ့အကြောင်းကိုကျယ်ကျယ်ပြန့်ပြန့်မိက်ဆက်တက်အောင်လေ့ကျင့်ပါ။🗣


IELTS ရဲ့ speaking အပိုင်းမှာဆိုအချိန်တိုတိုအတွင်း မိမိအကြောင်းစေ့စေ့စပ်စပ်မိတ်ဆက်ရတဲ့အပိုင်းပါဝင်ပါတယ်။ နေ့စဉ်မှာ ကိုယ့်ရဲ့ ဝါသနာ, စိတ်ဝင်စားရာ, မိသားစု, အလုပ်, ရည်မှန်းချက် နဲ့မိမိအားကျရတဲ့သူအကြောင်း စတာတွေကို English speakers တွေနဲ့ပြောလေ့ကျင့်ထားဖို့လိုတယ်နော်။


4. မတူညီတဲ့ဘာသာရပ်တွေကိုလည်း ဖတ်ရှုလေ့လာပါ။🗞


နံပါတ် ၃ မှာပြောပြထားသလိုပဲ မတူညီတဲ့အကြောင်းအရာပေါ်မူတည်ပြီးမေးခွန်းထုတ်ထားတာဖြစ်လို့ စီမံခန့်ခွဲမှု၊ စီပွားရေး၊ ရိုးရာယဉ်ကျေးမှု၊ သမိုင်း၊ သိပ္ပံ၊ ဇီဝဗေဒ စတာတွေကို ဗဟုသုတရအောင်လေ့ကျင့်ထားရမှာပဲဖြစ်ပါတယ်။


5. ကျွမ်းကျင်တဲ့ IELTS tutors ဆီမှာ IELTS course တက်ပါ။👩‍🏫


အပေါ်ကအကြောင်းအရာတွေကြောင့်IELTS ကို ကြောက်မသွားနဲ့နော်။ အဓိကကတော့ နည်းလမ်း နဲ့ လေ့ကျင့်မှုပဲဖြစ်ပါတယ်။ IELTS ကို သက်တောင့်သက်တာနဲ့ band score မြင့်မြင့်ရအောင်ဖြေနိုင်ဖို့ IELTS tutors တွေဆီမှာ အကြံဉာဏ်တောင်းပါ။ သင်တန်းတက်ပါ။ မေးခွန်းဟောင်းများကိုလေ့ကျင့်ပါ။


အပေါ်ကပေးခဲ့တဲ့ Tips တွေက IELTS ဖြေဆိုချင်တဲ့ကျောင်းသူကျောင်းသားများအတွက် အသုံးဝင်မယ်လို့ယုံကြည်ပါတယ်။🥰


Professional IELTS tutors တွေမှာ IELTS course တက်ချင်ပါကလည်း Hysan Education ကိုဆက်သွယ်လို့ရပါတယ်။ 👩‍🏫


Hysan ကသင်တန်းတွေကိုလည်းစိတ်ဝင်စားတယ်ဆိုရင် bit.ly/hysanclasses မှာ စာရင်းပေးသွင်းထားနိုင်ပါတယ်။ ✍️


09895535806

============

Shape your dream future. Learn English with us.

ကျွန်ုပ်တို့နဲ့ အတူ အင်္ဂလိပ်စာ လေ့လာပြီး သင့်ရဲ့ အနာဂတ်အိပ်မက် ကို အကောင်အထည် ဖော်လိုက်ပါ။

Address - ShopHouse No 252, HanThar Waddy Road, Times City Yangon, Kamaryut, Yangon



77 views

ShopHouse No.215 HanThar Waddy Road, Times City Yangon,

Kamayut Township

  • Grey Facebook Icon

+959 895 535 806, +959 777 226 882