Make your one fall for you again with these words🥰


လွန်ခဲ့တဲ့တလောက အိမ်တွင်းအောင်းရလို့ ကိုယ့်ရဲ့ချစ်ချစ်တွေကို လွမ်းနာကျရတယ်ဟုတ်..😁


အခုလိုပြန်တွေ့ရတဲ့အချိန်မှာ အတိုးချပြီးသာချစ်လိုက်တော့..😍


တစ်ချို့ဆိုရင် အနေဝေးသွားလို့ သွေးတောင်အေးသွားလားမသိဘူး...😔



သူ့ကိုဘယ်လောက်လွမ်းကြောင်း သူကြွေစေမယ့် အခုစကားတွေသုံးပြီး သူ့ကိုပြန်ခြွေလိုက်တော့နော်🥰



ဗမာလိုလည်းဘာသာပြန်ထားပေးတယ်နော်...


1. I’m incomplete without you.

မင်းမရှိတဲ့ငါ့ဘဝမပြည့်စုံနိုင်ဘူး။


2. I can’t wait to see your beautiful face.

မင်းရဲ့မျက်နှာလှလေးကိုတွေ့ရဖို့မစောင့်နိုင်တော့ဘူး။


3. I’m counting the days until I see you again.

မင်းနဲ့ထပ်တွေ့ရမယ့်နေ့ကို ကိုယ်ရေတွက်နေမိတယ်။


4. You have been running through my head all night.

တစ်ညလုံးမင်းအကြောင်းတွေပဲတွေးနေမိတယ်။


5. I have been thinking of you.

ကိုယ်မင်းအကြောင်းပဲတွေးနေတယ်။


6. My life is meaningless without you.

မင်းမရှိတဲ့ငါ့ဘဝကအဓိပ္ပာယ်မဲ့လွန်းပါတယ်။


7. You’ve been on my mind.

ကိုယ့်စိတ်တွေထဲမင်းစိုးမိုးထားတယ်။


8. I wish you were here.

မင်းသာကိုယ့်အနားရှိနေရင်..


9. All I do is think of you.

အရာအားလုံးကမင်းအကြောင်းတွေးခြင်းပဲ။


10. Your presence makes me a happy person.

မင်းရှိနေရင်ကိုယ်ပျော်နေတယ်။


11. You occupy my thoughts.

ကိုယ့်အတွေးတွေကိုမင်းစိုးမိုးထားတယ်။


12. I yearn for you.

ကိုယ်မင်းကိုတမ်းတတယ်။


13. I long for you.

ကိုယ်မင်းကိုတမ်းတတယ်။


14. I can’t wait to be with you again.

မင်းနဲ့တူတူရှိရမယ့်အချိန်တွေကိုမစောင့်နိုင်တော့ဘူး။


15. I smile when I think of the time we spent together.

မင်းနဲ့အတူတူရှိခဲ့တယ့်အချိန်တွေပြန်တွေးမိတိုင်းကိုယ်ပြုံးမိတယ်။


ဟေး....ဒီစာတွေဖတ်ပြီးရင်တွေခုန်မနေနဲ့နော်....😁


သူငယ်ချင်းတို့သိတဲ့အခြားစကားလေးတွေကိုလည်း comment box ရေးပြီး share သွားပါဉီး....


0 views

ShopHouse No.215 HanThar Waddy Road, Times City Yangon,

Kamayut Township

+959 895 535 806, +959 777 226 882