Pick-up lines to pick up a date in English❤️


1. "There is something wrong with my cell phone. It doesn’t have your number in it."

date ဖို့ နောက်တစ်ခေါက်တွေ့ဖို့ ဖုန်းနံပါတ်ကို တောင်းတဲ့ fun way တစ်ခုပေါ့...

ကဲ..ကောင်လေးဖြစ်ဖြစ် ကောင်မလေးဖြစ်ဖြစ် ဖုန်းနံပါတ်လိုချင်တယ်ဆိုရင် ဒီ pick-up line လေးကို အခုပဲသုံးလိုက်တော့။

2. "If I could rearrange the alphabet, I’d put U and I together."

အင်္ဂလိပ် ဗျည်းစာလုံးတွေကို ပြန်စီခွင့်ရှိရင် U နဲ့ I ကို အတူတူထားပါတယ် တဲ့။

ဒီနေရာမှာ U နဲ့ I ဆိုတာက you နဲ့ I ကို ပြောတာဖြစ်တယ်နော်။

ဟာ...ကြွေတယ်

3. "I was wondering if you had an extra heart. Mine seems to have been stolen."

နှလုံးသား အပိုတစ်စုံများရနိုင်မလားလို့။ ကျွုပ်ရဲ့ နှလုံးစားအခိုးခံလိုက်ရတယ်ထင်တယ် ပေါ့နော်

အဲ့လဲ့ အင်္ဂလိပ်စာမှာ 'to steal someone's heart' ဆိုလိုရင်းက ချစ်မိသွားတာလို့ဆိုလိုပါတယ်။

ဒီနေရာမှာက ခင်ဗျားကျုပ်နှလုံသားကို ခိုးယူသွားတယ်။ ခင်ဗျားကို ကျုပ်ချစ်မိနေတယ် လို့ဆိုလိုတာမျိုးပေါ့။

4. "You seem really cool! I’d like to get to know you better."

အမြဲတမ်းကြီး ထူးထူးဆန်းဆန်းစဉ်းစားမနေပဲ တစ်ယောက်ယောက်ကို တကယ်သိကျွမ်းချင်ရင်တော့ အခုလိုမျိုး တိုက်ရိုက်ပြောတာလည်းကောင်းပါတယ်။

5. "Want to go outside with me and get some air? You took my breath away!"

You take my breath away.

ဆိုတာကတော့ တစ်ယောက်ယောက်ရဲ့ အလှက ကိုယ့်ကိုရင်သက်ရှုမောဖြစ်စေတယ်ပေါ့။ အသက်ရှုဖို့တောင်မေ့သွားတယ်ပေါ့။ ဒီနေရာမှာ ဆိုရင်တော့ ခင်ဗျားရဲ့ဆွဲဆောင်ချက်က ကျုပ်ကို အသက်ရှုဖို့တောင် ရပ်တန့်စေတယ်တို့ ဘာတို့ပေါ့။ ချီးမွမ်းပြီးတော့ ပြောသလိုလဲ ဟုတ်ပါတယ်။

6. "You must be tired, because you’ve been running through my mind all day."

တိုက်ရိုက်ဘာသာပြန်ရင်တော့ ငါ့ရဲ့အတွေးထဲမှာ နင်ပြေးနေရလို့ နင်မောနေလောက်ပြီပေါ့။

run ဆိုလိုရင်းကတော့ ပြေးတာပေါ့နော်။ လူတစ်ယောက်က အကြာကြီးပြေးရင် မောတာပဲလေ။

ဒီမှာသုံးထားတဲ့ run through someone's mind ဆိုတာကတော့ တစ်ယောက်ယောက် သို့မဟုတ် တစ်ခုခုအကြောင်းကို တွေးနေတာပါ။

ဒီ pick-up line ကတော့ ငါနင့်အကြောင်းကို အမြဲတွေးနေတယ်လို့ သွားပြောသလိုပါ။

Oh,,,,so sweet!

7. "I have no idea what to say to you. I just know that I like you, and I want to get to know you better.”

ဒါတော့ ရဲရဲဝံ့ဝံ့နဲ့ တကယ်လည်း နှစ်သက်စရာကောင်းတဲ့ pick-up line ပါ။

"ဘာကိုထွေထွေထူးထူး‌ ပြောရမလဲမသိဘူး။ ငါနင့်ကို သဘောကျတယ်။ ငါနင့်နဲ့ သိကျွမ်းချင်တယ်။" တိုတိုလိုရင်းပဲ။

ကဲ ဒီpick-up lines တွေကို လက်တွေ့အသုံးချကြည့်ပြီး အလုပ်ဖြစ်မဖြစ် Admin ကို ပြန်ပြောပြပါဉီး..

4 views

ShopHouse No.215 HanThar Waddy Road, Times City Yangon,

Kamayut Township

  • Facebook
  • YouTube
  • Instagram

+959 895 535 806, +959 777 226 882