top of page

Dos and Don'ts while learning a new language✔️❌

Updated: Sep 21, 2021


💁‍♂️🙅‍♀️ဒီတစ်ခေါက်မှာတော့ ဘာသာစကာတစ်သင်ယူနေချိန်မှာ ဆောင်ရန် ရှောင်ရန်တစ်ချို့ကိုဝေမျှပေးသွားချင်ပါတယ်။


✔️ ပြုလုပ်သင့်သောအချက်များ


1. မှားလေ့ရှိသောအရာများကိုချရေးပါ


လူဆိုတာအမှားမကင်းဝေးလို့ မိမိမှားတတ်သောအရာများကို မှတ်စု စာအုပ်တစ်ခုခုတွင် ရေးပြီး မှတ်ထားပေးပါ။


2. မိမိကိုယ်ကိုယုံကြည်ပါ


မြန်မာစာကားတောင်ပြောတတ်တာ တခြားဘာသာလဲ ပြောတက်ရမယ်လို့ မိမိကိုယ်ကိုယုံ ကြည်ပါ။ အရှုံးမပေးပါနှင့်


3. စူးစိုက်အာရုံပြုပါ


ဘာသာစကားသည်လွယ်သည်လဲမဟုတ်သလို ခက်သည်လည်းမဟုတ်ပါ။ သင်ပိုပြီး မြန်မြန်တတ်ချင်ပါက စိတ်ဝင်စားကာအာရုံစိုက်ပေးပါ။


❌ မလုပ်သင့်သောအချက်များ


1. ကြောက်စိတ်ဝင်ခြင်း


ဘာသာစကားသင်ကြားရင်း ဒါကိုမရဘူးဆိုတဲ့ ကြောက်စိတ်ဝင် သွားရင် စိတ်ဓာတ်ကျသွားနိုင်ပါတယ်။ မိမိသင်ကြားနေတဲ့ဘာသာကိုတိုးတက်မှုအတွက်အထောက်အကူမပြုပါ။ မကြောက်ပါနှင့်


2. အချိန်ပြည့်စာလုပ်နေခြင်း


မိမိသင်ယူနေသောဘာသာကို မရပ်မနား လုပ်ပါက သင်အတွက်အထောက်အကူမပြုပါ။ မိမိသင်ယူသောစာကိုလည်းလက်တွေ့မှာအသုံးချနိုင်ဖို့အတွက်အချိန်ပေးဖို့လိုပါတယ်။ နားနားပြီးလုပ်ပေးပါ။


3. အချိန်မဆွဲပါနှင့်


ဘာသာစကားကိုသင်ရင် အချိန်မဆွဲ ပဲ တက်တက် ကြွကြွနှင့်ပုံမှန်လေ့လာမှ တိုးတက်မှုမြန်ဆန်နိုင်မှာဖြစ်လို့ အားမှလေ့လာတောမယ်ဆိုပြီးအချိန်မဆွဲပါနဲ့။

🥰🥰🥰🥰🥰🥰🙋‍♀️🙋‍♀️🙋‍♀️🙋‍♀️🙋‍♀️🙋‍♀️

4 views0 comments

Recent Posts

See All

댓글


bottom of page