လေ့လာသမျှဝေါဟာရကို မေ့တက်တဲ့ငါ🤔 ဆိုရင်တော့
🤩ဒီ post ကသင့်အတွက်ပါ။
❗️များသောအားဖြင့် ဝေါဟာရစကားလုံးအသစ်တွေလေ့လာပြီးရင်မေ့သွားတက်ကြတယ်ဟုတ်။
😍 အဲ့စကားလုံးတွေကိုမှတ်မိနေစေမယ့် လျှို့ဝှက်ချက် (၅) ခုကိုပြောပြမယ်နော်။😍
▶️.အသုံးဝင်သောဝေါဟာရများကိုများများကြည့်ပါ။
သင်ရဲ့ဝေါဟာရများကိုကျယ်ပြန့်ချင်ရင် အသုံးဝင်၊အများနားလည်သောစကားလုံးများကိုဦးစားပေးကြည့်ပေးပါ။
▶️ စာဖတ်ပါ။
ကိုယ်စိတ်ဝင်စားသော မဂ္ဂဇင်း၊ သတင်းစာများကိုဖတ်ပေးပါ။ စာဖတ်ခြင်းဖြင့် သင်သိထားတဲ့ဝေါဟာရများနှင့် အထိအတွေ့ရစေမှာဖြစ်ပြီး အသုံးများတဲ့ ဝေါဟာရအသစ်တွေကိုပြန်လေ့လာနိုင်ပါတယ်။
▶️ ဝေါဟာရအသစ်များကိုမှတ်စုရေးထားပါ။
မေ့တတ်သဖြင့် သင်လေ့လာထားခဲ့သောဝေါဟာရများ မလွယ်တကူပြန်လည်ဖတ်ရှုနိုင်ရန် စာအုပ်၊ ဖုန်းထဲ တွင်ရေးမှတ်ထားပါ။ လူတွေရဲ့ ဉီးနှောက်ရေးမှတ်လိုက်လို့ရှိရင် မှတ်ရတာပိုလွယ်ပါတယ်။
▶️ ထိုဝေါဟာရများကိုစကားပြောရာတွင်ထည့်ပြောပါ။
လေ့လာပြီးအသုံးမပြုရင် မေ့မှာပါပဲ။ အဲ့ဒါကြောင့် သိထားတဲ့ ဝေါဟာရ၊စကားလုံး များကို အတက်နိုင်ဆုံး နေ့စဉ်စကားပြောရာတွင် ထည့်သုံးပေးပါ။
▶️ ထိုဝေါဟာရများကိုပြန်ကြည့်ပါ။
တချို့ခက်သောဝေါဟာရများ မေ့လွယ်သဖြင့် တစ်ရက်တစ်ခါ တစ်ပတ်တစ်ခါ ထပ်ခါထပ်ခါ ပြန်ကြည့်ပေးပါ။ သင့်ဉီးနှောက်ထဲစွဲလာပါလိမ့်မယ်။
အပေါ်ကအချက်တွေကို သိရုံနဲ့မရဘူးနော် လက်တွေ့အသုံးချလိုက်တော့။🥰
Comments