Zone that makes your speaking skill delay🤯



Friend Zone ထဲမှာနေရတာ ဘယ်လောက်ထိအဖြစ်ဆိုးလှတယ်ဆိုတာ အားလုံးသိကြတယ်ဟုတ်.... 😁


အဲ့လို့ပဲ အခုပြောပြမယ့် အချက်တွေပါတဲ့ Zone ထဲမှာ နေနေမယ်ဆိုရင်တော့ ခင်ဗျား Speaking skill တက်လာတော့မှာမဟုတ်ပါဘူး


အင်္ဂလိပ်စကားပြောလေ့ကျင့်နေတာတော့ကြာပြီး ဒါပေမယ့် တိုးတက်မှုနှောက်နှေးနေစေတာ အောက်ပါအချက်တွေစုထားတဲ့ Zone ထဲမှာနေနေလို့ပါ….🤯


📌မှားမှာကြောက်တဲ့စိတ်ရှိခြင်း


Grammar ရောမှန်ရဲ့လာ၊ Pronunciation ကရောမှန်ပါ့မလာ စတာတွေကို မှားမှာကြောက်တဲ့စိတ်က လူကိုစကားမပြောစေတော့ပဲ အဟန့်အတားဖြစ်နေစေပါတယ်။ စကားပြောနေချိန်မှာ မှားမှာကိုကြောက်မနေပဲ ယုံကြည်မှုရှိရှိပြောဖို့ အရေးကြီးပါတယ်။


📌 လက်တွေ့အသုံးချမှုမရှိခြင်း


နေ့စဉ်အင်္ဂလိပ်စာအသစ်တော့သင်နေတာပဲ။ သင်ခဲ့တဲ့ စကားလုံးနဲ့စာကြောင်းတွေကို လက်တွေ့အသုံးမချပဲနေတဲ့အတွက်လည်း တိုးတက်မှုကို ကြံ့ကြာစေတာပဲဖြစ်ပါတယ်။ စကားပြောကောင်းစေဖို့အတွက်လဲ လက်တွေ့အလေ့အကျင့်များစွာ လိုအပ်ပါတယ်။


📌 စကားစပြောရန်တွန့်ဆုတ်ခြင်း


စကားတော့ပြောချင်တယ် ကိုယ်ကစမပြောရင်လည်း conversation ဖြစ်လာမှာမဟုတ်လို့ လေ့ကျင့်မှုနည်းတဲ့အခါမျိုးရယ်၊ ဘာပြောရင်ကောင်းမလဲစဉ်းစားရင်း မပြောဖြစ်တော့တာမျိုးရယ် အချိန်ကုန်စေပါတယ်။ နေကောင်းလား ဘာညာသရကာနဲ့စပြီးတော့ စကားကိုပေါ့ပေါ့ပါးပါးပြောလေ့ကျင့်ပေးခြင်းလည်း လိုအပ်ပါတယ်။


📌 အချိန်မပေးနိုင်ခြင်း


ကိုယ်ကစကားပြောတိုးတက်ချင်တာဖြစ်တဲ့အတွက်ကြောင့်လည်း လေ့ကျင့်ချိန် ပေးသင့်ပါတယ်။ မှန်ရှေ့မှာစကားပြောကြည့် မှားတယ်ထင်တာလေးပြန်ပြင် အဲ့လိုမျိုးလေးလေ့ကျင့်တာလည်း စကားပြောတိုးတက်လာတယ်နော်။ (Admin နည်းလမ်း)


📌 နှုတ်ဆိတ်နေခြင်း


ဖြစ်ဖူးလားမသိဘူးနော်။ စကားဝိုင်းတွေမှာ သူများတွေ အင်္ဂလိပ်လို မှုတ်နေတဲ့အချိန်မှာ ကိုယ်ကအားကျလို့ ထိုင်ပဲနားထောင်ခဲ့ရတဲ့အခိုက်အတန့်တွေ။ သိသလောက်တက်သလောက်ကနေ စပြောပါ။ တစ်ဖြည်းဖြည်းတိုးတက်လာပါလိမ့်မယ်။ ကျွမ်းတော့မှပြောတော့မယ်ဆိုပြီး မပြောပဲနေရင် ဘယ်တော့မှကျွမ်းလာတော့မှာမဟုတ်ဘူးနော်။


အပေါ်ကပြောပြခဲ့တဲ့အချက်လေးတွေကိုသတိပြုမိရဲ့လား။ ကိုယ်ကအဲ့အချက်တွေထဲမှာ ပါနေတယ်ဆိုရင် အဲ့ဒီ Zone ကမြန်မြန်ထွက်တော့နော်🍀

0 views

ShopHouse No.215 HanThar Waddy Road, Times City Yangon,

Kamayut Township

+959 895 535 806, +959 777 226 882