[Daily Dose of English] 🕗 Asking Directions in English
top of page

[Daily Dose of English] 🕗 Asking Directions in English

What’s good, everyone 👋! ဒီနေ့မှာလည်း Daily Dose ကနေ English စာ လေ့လာဖို့ မျှဝေပေးသွားမှာဖြစ်ပါတယ်။ အရင်တစ်နေ့က ကိုယ့်ကို လမ်းမေးတဲ့သူကိုဘယ်လို ပြန်ဖြေရမလဲဆိုတဲ့နည်းတွေကို ပြောပြပြီးပြီဆိုတော့ ဒီနေ့မှာတော့ ကိုယ်က လမ်းမသိတဲ့အခါ ဘယ်လိုမေးနိုင်တယ်ဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးမှာဖြစ်ပါတယ်။ Let’s get started 🏃‍♂️



🧭 May I ask you how to go to …?

ဒီနေရာကို ဘယ်လိုသွားရမလဲ မေးလို့ရမလား?


🧭 Could you tell me how to get to …?

ဒီနေရာကို ဘယ်လိုသွားရမလဲ ပြောပြလို့ရမလား?


🧭 Excuse me, is there a … near here?

တစ်ဆိတ်လောက်ပါ။ ဒီနားမှာ …(နေရာ)… ရှိလားမသိဘူး?


🧭 Pardon me. I’m lost. How do I get to the … ?

တစ်ချက်လောက်ပါ။ ကျွန်တော်/ ကျွန်မ လမ်းပျောက်နေလို့ပါ။ ဒီနေရာကို ဘယ်လိုသွားရမလဲ?


🧭 Which is the best way to …?

ဒီနေရာကို သွားဖို့ဆို ဘယ်လမ်းက အဆင်ပြေဆုံးဖြစ်မလဲ?


🧭 Could you direct me to …?

ဒီနေရာကို လမ်းညွှန်ပေးလို့ရမလား?


🧭 I’m looking for this address.

ကျွန်တော်, ကျွန်မ ဒီလိပ်စာကို ရှာနေတာပါ။


🧭 Is it the right way for …?

ဒီနေရာကို သွားဖို့ဆို ဒီလမ်းက မှန်လား?


ဒီလောက်ဆို တစ်နေရာကို သွားရင် လမ်းမေးလို့ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်နေ့တွေမှာလည်း Daily Dose နဲ့အတူတူ Englishစာ လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်နော်။ See you tomorrow 👋!


13 views0 comments

Recent Posts

See All
bottom of page