[Daily Dose of English] 🕗 Classroom Conversations
top of page

[Daily Dose of English] 🕗 Classroom Conversations

What’s good, dear learners👋? ဒီနေ့မှာလည်း ခါတိုင်းလိုပဲ Daily Dose ကနေ English အသုံးလေးတွေ ဝေမျှပေးမှာဖြစ်ပါတယ်။ ဒီနေ့အတွက်ကတော့ ကျောင်းသားတွေသာမက တစ်နေရာရာမှာ သင်ယူလေ့လာနေတဲ့သူတွေ အတွက် အသုံးဝင်မယ့် စာသင်ခန်းနဲ့ ဆိုင်တဲ့ နေ့စဥ◌်သုံး စကားပြောတွေပဲ ဖြစ်ပါတယ်။ Let’s see what is in here 🙌




📌 Is everybody ready to start ?

အားလုံး စသင်ဖို့ အဆင်သင့်ပဲလား?


📌 Now we can get down to work.

အခု စလို့ ရပြီ။


📌 I’m waiting for you to be quiet.

မင်းတို့ တိတ်သွား‌တဲ့အထိ စောင့်နေတယ်နော်။

📌 Settle down now so we can start.

စာစသင်လို့ရအောင် အားလုံး ငြိမ်ငြိမ်နေပေးကြပါ။


📌 Pack your things away.

ကိုယ့်ပစ္စည်းတွေ ကိုယ်သိမ်းလိုက်ပါ။


📌 What have you been doing?

ဘာတွေလုပ်နေတာလဲ? [စာသင်တာကို လိုက်နားမထောင်တာမျိုး၊ အတန်းနောက်ကျတာမျိုးမှာ သုံးပါတယ်။]


📌Don’t let it happen again.

နောက်တစ်ခါ ဒါမျိုး ထပ်မဖြစ်စေပါနဲ့။


📌 Hang on a moment.

ခဏလောက်စောင့်ပေးပါ။


Class တစ်ခု သင်ရင် ဒီစကားပြောတွေက အသုံးများတာမို့ ရင်းနှီး‌အောင် ပြုလုပ်ထားသင့်ပါတယ်နော်။ နောက်နေ့တွေ မှာလည်း Daily Dose နဲ့တူတူ English လေ့လာနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါမယ်။ See you tomorrow 🍀👋


31 views0 comments

Recent Posts

See All
bottom of page