[Daily Dose of English] 🕗 Comparing
top of page

[Daily Dose of English] 🕗 Comparing

Hello again, everyone 👋! ဒီနေ့မှာတော့ English လေ့လာရာမှာ မပါမဖြစ်တဲ့ Grammar နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးနည်းနည်းကို မျှဝေသွားမှာ ဖြစ်ပါတယ်။အရာဝတ္ထုတွေကို ‘Compare’ လုပ်တဲ့နည်းအမျိုးမျိုးကို ပြောပြပေးမှာပါ။ Let’s get started!



💡 as + adjective + as

လူနှစ်ယောက် သို့မဟုတ် ပစ္စည်းနှစ်ခု ဆင်တူတဲ့အခါ နှိုင်းယှဉ်ဖို့ သုံးပါတယ်။

[ This cup is as heavy as a brick. ]


💡 less + adjective + than, more + adjective + than

အရာနှစ်ခုကွဲခြားတာကို နှိုင်းယှဉ်တဲ့အခါ ပိုနည်းတဲ့ ပုံစံ၊ ပိုများတဲ့ ပုံစံ နဲ့ သုံးတာဖြစ်ပါတယ်။

[ This passage is less complex than that one.]

[ Mary’s mom is more strict than David’s.]


💡 Much/ most/ slightly/ a bit

ဒီ စကားလုံးတွေကိုလည်း Noun တွေ နှိုင်းယှဉ်တဲ့အခါ သုံးပါတယ်။

[ A pineapple is much juicier than an apple.]

[ He is the most talkative one among us.]

[ My hair is slightly shorter than before.]

[ The fried chicken is a bit oilier than the grilled one.]


💡 By far + the + superlative

Adjective တွေရဲ့ Superlative level နဲ့သုံးထားတာ ဖြစ်လို့ အခုချိန်ထိတော့ ဘာအဖြစ်ဆုံးဆိုတဲ့ အဓိပ္ပာယ်နဲ့ သုံးလေ့ရှိပါတယ်။

[ It was by far the worst speech he had ever made.]


ဒါဆိုရင်တော့ Compare လုပ်တဲ့ Grammar နည်းလမ်းလေးတွေကို လေ့လာလိုက်ရမယ် ထင်ပါတယ်။ အသုံးလည်း ဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်နေ့တွေမှာလည်း Daily Dose နဲ့အတူ English ဆက်လေ့လာကြရအောင်နော်။ See you tomorrow 👋!


14 views0 comments

Recent Posts

See All
bottom of page