[Daily Dose of English] 🕗 Confusing Verbs
top of page

[Daily Dose of English] 🕗 Confusing Verbs

What’s good, learners 👋? ဒီနေ့မှာတော့ ရောတတ်တဲ့ Confusing ဖြစ်နိုင်တဲ့ Verb လေးတွေ အကြောင်းကို Example လေးတွေနဲ့ အတူ ပြောပြပေးသွားပါမယ်။ အားလုံးတူတူ ဖတ်ကြည့်ပြီး လေ့လာကြည့်ကြရအောင် Let’s go 🙌



Make & Do

Make: ပစ္စည်းတစ်ခုကို ဖန်တီးတာ၊ အသံတစ်ခု ထွက်အောင်လုပ်တာ လိုမျိုး များသောအားဖြင့် အရာဝတ္ထု တစ်ခုကို ပြုလုပ်တဲ့ နေရာမှာသုံးပါတယ်။ [My dad likes to make food.]


Do: အလုပ်တစ်ခုကို လုပ်တာ၊ လုပ်ဆောင်မှုတစ်ခုကို လုပ်တာ စသဖြင့် Action တစ်ခုခုကို လုပ်တဲ့နေရာမှာ အသုံးပြုပါတယ်။ [I need to do housework.]


Refuse & Deny

Refuse: ငြင်းပယ်တာ ဖြစ်ပါတယ်။ တစ်ခုခုကို ပေးတဲ့အခါ ကမ်းလှမ်းတဲ့အခါ မယူဘူး၊ မလုပ်ဘူးလို့ ငြင်းပယ်တာဖြစ်ပါတယ်။ [ I refuse to argue.]


Deny: ငြင်းဆိုတာ ဖြစ်ပါတယ်။ ကိုယ်မလုပ်ထားဘူး၊ ကိုယ့်မှာမရှိဘူး၊ ဒါကို သဘောမတူဘူး စသဖြင့် ငြင်းပယ်တာ ဖြစ်ပါတယ်။ [ Most deny that the sky is orange.]


Say & Tell

Say: Sentence ထဲမှာ နား‌ထောင်တဲ့သူ မပါဘဲ တစ်ကိုယ်ထဲ ပြောတာကို Say နဲ့ သုံးပါတယ်။

[She said that she was hungry.]

Tell: တစ်စုံတစ်ယောက်ကို ပြောပြတာကို tell နဲ့သုံးပါတယ်။

[Tell your brother to make his bed.]


Stay & Remain

Stay: သူ့ကိုတော့ Informal အနေနဲ့သုံးပါတယ်။ နေရစ်တယ်၊ ကျန်ရစ်တယ်လို့ အဓိပ္ပာယ်ရပါတယ်။

[Don’t stay out late.]

Remain: အဓိပ္ပာယ်ချင်းတူပေမယ့် remainက Formal အသုံးဖြစ်ပါတယ်။

[Though the team lost, fans remain loyal.]


အခုဆိုရင်တော့ ရောထွေးတတ်တဲ့ Verb လေးတွေကို ကွဲပြားဖို့ အထောက်အကူရသွား ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်နေ့တွေမှာလည်း စိတ်ဝင်စားဖို့ကောင်းပြီး အသုံးဝင်မယ့် English Dose လေးတွေကို ဆက်လက်မျှဝေသွားမှာမို့ စောင့်မျှော်ဖတ်ရှုပေးဖို့ ဖိတ်ခေါ်ပါတယ်နော်။ See you tomorrow 👋!


22 views0 comments

Recent Posts

See All
bottom of page