[Daily Dose of English] 🕗 Cool Phrasal Verbs ‌for Daily Life
top of page

[Daily Dose of English] 🕗 Cool Phrasal Verbs ‌for Daily Life

What’s good, dear learners 👋? ဒီနေ့မှာတော့ နေ့စဥ်ဘဝမှာ သုံးနေကျ English စကားပြောလေးတွေကို ပို Natural ဖြစ်‌အောင် ပြောတဲ့နေရာမှာသုံးတဲ့ Phrasal Verb လေးတွေကို ဝေမျှ‌ပေးချင်ပါတယ်။ Native speaker တွေဘယ်လို Phrasal Verb လေးတွေသုံးပြီး ပြောနေကြသလဲ သိချင်ရင် အဆုံးထိ ဖတ်ပေးပါနော်။ Let’s get started. 🍀



- Hit me up 📞

ငါ့ကို ဆက်သွယ်လိုက်ပါ၊ ဖုန်းခေါ်လိုက်ပါ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

[Hit me up if you want to share about your work.]


- Catch up 🙆‍♀️

တွေ့ဆုံတယ် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ Formalဆန်တဲ့ နေရာတွေမှာတော့ သုံးဖို့ အဆင်မပြေပါဘူး‌နော်။

[ Let’s catch up this weekend at our usual place.]


- Hang out

တူတူ တွေ့ဆုံပြီး အချိန်ကုန်ဆုံးတယ်လို့ ဆိုလိုပါတယ်။ အတူလျှောက်လည်တာမျိုးမှာ အသုံးများပါတယ်။

[Daisy and her old friends hung out at the shopping mall.]


- Drop-in

လာလည်တယ်၊ လမ်းကြုံဝင်လာတယ်လို့ အဓိပ္ပာယ်ရပါတယ်။

[ I dropped in here on my way home.]


- Figure out

တစ်ခုခုကို နားလည်တယ်၊ နားလည်အောင် ကြိုးစားတယ်လို့ အဓိပ္ပာယ်ရပါတယ်။

[ I am going to figure out how to cook this chicken.]


- Put off

အလုပ်တစ်ခုလုပ်ဖို့ နောက်ရွှေ့တယ်၊ ရွှေ့ဆိုင်းတယ်လို့ ဆိုလိုပါတယ်။

[ Why don’t we put off calling the manager until tomorrow?]


- Turn up

တစ်ယောက်ယောက် ရောက်လာတာ၊ ပေါ်လာတာကို သုံးပါတယ်။

[I thought he was never going to turn up at the party.]


နေ့စဥ် စကားပြောလေးတွေမှာ သဘာဝကျကျ ပြောဆိုသုံးနှုန်းနိုင်ဖို့ အသုံးဝင်မယ့် Phrase လေးတွေကို မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်။ နောက်နေ့တွေမှာလည်း အသုံးဝင်မယ့် English dose လေးတွေကို ဆက်လက်မျှဝေပေးသွားမှာဖြစ်ပါတယ်။ See you tomorrow 👋


35 views0 comments

Recent Posts

See All
bottom of page