[Daily Dose of English] 🕗 Giving directions in English
top of page

[Daily Dose of English] 🕗 Giving directions in English

How are you, dear learners👋 ? ဒီနေ့မှာတော့ ကိုယ့်ကို English speaker တစ်ယောက်က လမ်းမေးလာတဲ့အခါ ကျွမ်းကျင်စွာ လမ်းညွှန်နိုင်ဖို့ Directions ညွှန်းနည်းလေးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ Let’s see what’s in here ! 🙌



🧭 Walk along this street.

ဒီလမ်းအတိုင်းလိုက်လျှောက်သွားပါ။


🧭 When you get to the corner,...

လမ်းထောင့်ကိုရောက်ရင်..


🧭 When you come to the end of the road, …

လမ်းအဆုံးကို ရောက်ရင် …


🧭 It is next to …

အဲ့ဒီ့နေရာက [...] ဘေးမှာရှိပါတယ်။


🧭 After the traffic lights, continue for …

မီးပွိုင့်ကို ကျော်ပြီးရင် [...] ရောက်တဲ့အထိ ဆက်သွားပါ။


🧭 The easiest way is to …

သွားဖို့ အလွယ်ဆုံးလမ်းကတော့ …


🧭 Take the first on the left.

ပထမဆုံးတွေ့တဲ့ အကွေ့မှာ ဘယ်ဘက်ကို ချိုးလိုက်ပါ။


လမ်းညွှန်တဲ့နေရာမှာ အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်က လမ်းကို သိပေမယ့် English လို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်လို့ လမ်းမညွှန်ပေးလိုက်ရတာမျိုး မဖြစ်ရအောင် မှတ်သားလေ့ကျင့်ထားသင့်ပါတယ်နော်။ မနက်ဖြန်မှာလည်း Daily Dose က Englishစာ မျှဝေပေးဖို့ လာဦးမှာဖြစ်ပါတယ်။ See you tomorrow 👋!


18 views0 comments

Recent Posts

See All
bottom of page