[Daily Dose of English] 🕗 Idioms related to eyes 👀
top of page

[Daily Dose of English] 🕗 Idioms related to eyes 👀

What’s good everyone 👋! ဒီနေ့မှာတော့ Idioms လေးတွေကို တူတူလေ့လာကြည့်ကြရအောင်ပါ။ ဒီတစ်ခေါက် အလှည့်ကျတဲ့ Idioms လေးတွေကတော့ မျက်လုံး ‘eye’ ဆိုတဲ့ စကားလုံးလေးပါဝင်တဲ့ Idioms လေးတွေပဲဖြစ်ပါတယ်။ Let’s see what’s in here 🍀




👀 feast one’s eyes on

တကယ့်ကို ခမ်းနားကြီးကျယ်တဲ့ လှပတဲ့ အရာတစ်ခုကို ကြည့်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ မြန်မာလို တိုက်ရိုက်အဓိပ္ပာယ်ပြန်ရင်တော့ မျက်စိအစာကျွေးတယ်လို့ ပြန်လို့ရပါတယ်။

[Feast your eyes on this expensive bag.]


👀 keep one’s eyes peeled

မခွာတမ်းစိုက်ကြည့်တယ်လို့ ဆိုလိုပါတယ်။ မျက်ခြေမပြတ်ကြည့်တယ်လို့လည်း ပြောလို့ရပါတယ်။

[Keep your eyes peeled for a taxi.]


👀 in the blink of an eye

မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားတာမျိုးကို သုံးပါတယ်။ အရမ်းမြန်လွန်းအားကြီးတယ်ဆိုတဲ့ နေရာမှာ သုံးတဲ့ Idiom လေးဖြစ်ပါတယ်။


👀 catch someone’s eye

တစ်ယောက်ယောက်ရဲ့ အာရုံကို ဖမ်းစားတယ်၊ အာရုံစိုက်မှုကို ရတယ်လို့ အဓိပ္ပာယ်ရပါတယ်။

[Sammy definitely caught your eye, right?]


👀 all eyes and ears

အပြည့်အဝ အာရုံစူးစိုက်ပြီး နားထောင်နေတယ်၊ attention အပြည့်ပေးတယ်လို့ အဓိပ္ပာယ်ရပါတယ်။

[I am all eyes and ears for your opinions.]


ဒီနေ့မျှဝေပေးသွားတဲ့ Idiom လေးတွေက ကိုယ့်ရဲ့ ဘဝမှာ အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ English စာကို နေ့စဥ် နည်းနည်းချင်း တူတူလေ့လာဖို့ Daily Dose of English က သင်နဲ့ တူတူရှိပါတယ်နော်။ See you tomorrow 👋!


21 views0 comments

Recent Posts

See All
bottom of page