[Daily Dose of English] Idioms with animals
top of page

[Daily Dose of English] Idioms with animals

Hello everyone 👋! ဒီနေ့မှာတော့ တိရိစ္ဆာန်လေးတွေနဲ့ ပတ်သက်တဲ့ Idioms လေးတွေကို မျှဝေပေးမှာဖြစ်ပါတယ်။ Let’s see what’s in here 🔍



📌When pigs fly 🐷

လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်လာတဲ့အခါ လို့ အဓိပ္ပာယ်ရပါတယ်။

[Sure he’ll pay for the drinks when pigs fly.]


📌 Let the cat out of the bag 🐱

လျှို့ဝှက်ချက်ကို ပြောပြလိုက်တာ၊ ဖော်ထုတ်လိုက်တာ လို့ ဆိုလိုပါတယ်။

[In uttering these words he let the cat out of the bag.]


📌 Hold your horses 🐴

ခဏရပ်ပြီး ကိုယ့်ဆုံးဖြတ်ချက်ကို ပြန်စဥ်းစားပါဦး၊ ကိုယ့်အထင်အမြင်တွေကို ပြန်စဥ်းစားကြည့်ဦးလို့ ပြောတာ ဖြစ်ပါတယ်။

[Just hold your horses! Let’s think about this for a moment.]


📌 A home bird 🐤

အိမ်မှာပဲနေတဲ့သူ၊ အိမ်ထဲက အိမ်ပြင်မထွက်တဲ့ သူလို့ အဓိပ္ပာယ်ရပါတယ်။

[She is such a home bird she always buys stuff online.]


📌 Cash cow 🐄

ပိုက်ဆံ အလွယ်တကူ ရတဲ့နည်းလမ်း လို့အဓိပ္ပာယ်ရပါတယ်။

[Working part time in that flower shop is a cash cow for you.]


ထပ်မံသတိ‌ပေးချင်တာက Idioms တွေက အရမ်းInformalဆန်တဲ့ အသုံးတွေဖြစ်တဲ့အတွက် Formal ဆန်ရမယ့် နေရာတွေမှာ သုံးဖို့ မသင့်တော်ပါဘူးနော်။ ဒီနေ့မျှ‌ဝေပေးလိုက်တဲ့ Idiom တွေကို လိုအပ်တဲ့ နေရာမှာ အသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ See you tomorrow 👋!


19 views0 comments

Recent Posts

See All
bottom of page