[Daily Dose of English] 🕗 Let's Dive into Modal Verbs
top of page

[Daily Dose of English] 🕗 Let's Dive into Modal Verbs

Updated: Sep 27, 2021

What’s good, learners 👋? ဒီနေ့မှာတော့ အားလုံး အသုံးများပေမယ့် သေချာသိဖို့ အားမထုတ်ဖြစ်ကြတဲ့ ‘Modal Verb’ လေးတွေ တစ်ချို့အကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။ Let’s go and see 💁‍♀️!



🍀 Can

လုပ်နိုင်တယ် ဆိုတာကို ပြောချင်ရင် သုံးတာဖြစ်ပါတယ်။


ခွင့်ပြုချက်တောင်းတဲ့ ပေးတဲ့အခါ၊ ယဥ်ကျေးစွာ မေးတဲ့အခါတွေမှာလည်း သုံးပါတယ်။


🍀May

ခွင့်ပြုချက် တောင်းတဲ့ ပေးတဲ့အခါ၊ တားမြစ်တဲ့အခါ၊ တစ်ခုခုကို မသေမချာ ထင်မြင်ချက်ပြောတဲ့အခါတွေ မှာသုံးပါတယ်။


🍀Must

ခိုင်မာတဲ့ လိုအပ်ချက်၊ မဖြစ်မနေလုပ်ရမယ့် အရာတွေကို ဆိုလိုချင်ရင် သံုးပါတယ်။



🍀Shall

ရည်ရွယ်ချက်၊ ထင်မြင်ချက်တွေကို ဖော်ပြတဲ့နေရာမှာ သုံးပါတယ်။


🍀Will

ပြုလုပ်ချင်တာ၊ ဖြစ်ချင်တာ၊ ယုံကြည်ချက်ရှိတာ၊ အနာဂတ်မှာဖြစ်လာမှာ မျိုးကို ပြောချင်ရင်သုံးပါတယ်။


🍀Ought to



လုပ်ဆောင်သင့်တဲ့ အလုပ်၊ အကြံပေးချင်တာ၊ တင်းကျပ်တဲ့ ရည်ညွှန်းချက်မျိုး ပေးချင်တဲ့ အခါမှာ အသုံးပြုပါတယ်။


ဒီနေ့မှာတော့ modal verbတွေထဲက တစ်ချို့ရဲ့ အသုံးပြုပုံနဲ့ အဓိပ္ပာယ်တွေကို ပြောပြပေးသွားတာဖြစ်ပါတယ်။ အားလုံးအတွက် အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ မနက်ဖြန်မှာတော့ နောက်ထပ် Modal verb တွေရဲ့ အသုံးပြုတဲ့နေရာတွေကို ဆက်လက်ပြောပြပေးသွားပေးမှာမို့ ဖတ်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ See you then 👋!



34 views0 comments

Recent Posts

See All
bottom of page