[Daily Dose of English] 🕗 Let's Dive Into Modal Verbs {Part.2}
top of page

[Daily Dose of English] 🕗 Let's Dive Into Modal Verbs {Part.2}

Hello again 👋! ဒီနေ့ကတော့ မနေ့က Modal Verb လေးတွေရဲ့ အဆက်ဖြစ်ပါတယ်။ မနေ့က ပြောပြခဲ့တဲ့ Modal Verb လေးတွေ အပြင် တခြားသော Modal Verb လေးတွေရဲ့ အသုံးနဲ့ အဓိပ္ပာယ်လေးတွေကို ဆက်လက်ပြောပြပေးသွားမှာပါ။ Let’s check them out together !🎀



🍀 Need

Needကို ပုံမှန် verb အပြင် Modal Verb အနေနဲ့လည်းသုံးလေ့ရှိကြပါတယ်နော်။ သူကတော့ ပြုလုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ နေရာမှာသုံးပါတယ်။


🍀 Have to

သေချာပေါက် ပြုလုပ်ရမယ် လို့ ဆိုလိုချင်ရင် သုံးတဲ့ Modal Verb လေးဖြစ်ပါတယ်။ ကိစ္စတစ်ခုကို အတင်းအကျပ် ပြုလုပ်ခိုင်းတဲ့ နေရာမှာလည်း သုံးလို့ရပါတယ်။


🍀 Would

ဖြစ်ချင်တာ၊ ယဥ်ကျေးစွာတောင်းဆိုတာ တွေအပြင် အတိတ်က အပြုအမူတစ်ခုကို ဖော်ပြတဲ့ နေရာမှာလည်း သုံးပါတယ်။


🍀 Should

ပြုလုပ်ဖို့၊ ဖြစ်ဖို့ လိုအပ်တယ်၊ အကြံပြုတယ်၊ အပြစ်တင်တယ်၊ ရည်ညွှန်းပေးတယ်၊ နောင်တရတယ် စတဲ့ အခြေအနေအမျိုးမျိုးမှာ အသုံးပြုလို့ရတဲ့ Modal Verbလေး ဖြစ်ပါတယ်။


🍀 Used to

ဒီ Modal Verb လေးကတော့ အတိတ်မှာ ထပ်ခါထပ်ခါ ပြုလုပ်ခဲ့တဲ့ အရာတစ်ခုကို ဖော်ပြချင်တဲ့အခါ တွဲသုံးတာဖြစ်ပါတယ်။


ဒါဆိုရင်တော့ Modal verb လေးတွေရဲ့ အသုံးကို အတန်အသင့် သိရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ နောက်နေ့တွေမှာလည်း စိတ်ဝင်စားဖို့ကောင်းပြီး အသုံးဝင်မယ့် English dose လေးတွေကို မျှဝေပေးသွားမှာမို့ တူတူဆက်လက်လေ့လာ ကြရအောင်ပါ။ See you 👋.


31 views0 comments

Recent Posts

See All
bottom of page