[Daily Dose of English] 🕗 Moon Expressions
top of page

[Daily Dose of English] 🕗 Moon Expressions

မင်္ဂလာရှိတဲ့ သီတင်းကျွတ် လပြည့်နေ့လေးပါရှင်။ Happy Thadingyut dear learners 👋! ဒီနေ့မှာတော့ လပြည့်နေ့လေးဖြစ်တာနဲ့ ကိုက်အောင် လနဲ့ဆိုင်တဲ့ Englishအသုံးလေးတွေကို မျှဝေပေးပါမယ်နော်။ Let’s see how we can express the moon in English!



🌕 gibbous

လတစ်ဝက်ကျော်လာတဲ့ အချိန်၊ လပြည့်ခါနီး အချိန်ရဲ့ လအခြေအနေကို ပြောတာဖြစ်ပါတယ်။


🌕 lunar eclipse

လကြတ်တာကို ပြောတာဖြစ်ပါတယ်။ နေကြတ်တာကိုတော့ Solar eclipse လို့ခေါ်ပါတယ်။


🌕 waning

တဖြည်းဖြည်း လျော့လာတာ၊ ဆုတ်လာတာ ကို ဆိုလိုပါတယ်။ Waning moon ဆို လဆုတ်ရက်တွေက လ ကို‌ ပြောချင်တာဖြစ်ပါတယ်။


🌕 crescent

လခြမ်းကွေးလေးကို ခေါ်တာဖြစ်ပါတယ်။


🌕 illuminate

အရောင်လင်းတာ၊ ထိန်တာကို ဆိုလိုပါတယ်။


အားလုံးလည်း လ နဲ့ ပတ်သက်တဲ့ အသုံးလေးတွေကို လေ့လာရတာ အသုံးဝင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်နေ့တွေမှာလည်း Englishအသုံးလေးတွေကို တူတူလေ့လာဖို့ ဖိတ်ခေါ်ပါတယ်နော်။ ပျော်ရွှင်စရာသီတင်းကျွတ်လေး ဖြစ်ကြပါစေရှင် 🕯။ See you tomorrow 👋


33 views0 comments
  • Facebook
  • YouTube
  • Instagram
bottom of page