[Daily Dose of English] 🕗 Phrasal Verb with Go
Hello again, dear learners 👋! ဒီနေ့အလှည့်ကျတာကတော့ ‘Go’ဆိုတဲ့ စကားလုံးလေး ပါဝင်တဲ့ Phrasal Verb တွေပဲဖြစ်ပါတယ်။ Let’s get started 🌱!

🚶♀️ Go ahead
ဆက်လုပ်ပါ။ ဆက်ပြောပါ လို့အဓိပ္ပာယ်ရပါတယ်။
[I’m okay. Go ahead with your speech first.]
🚶♀️ Go over
ပြန်စစ်တာ၊ ပြန်ဖတ်တာ လို့ ဆိုလိုပါတယ်။
[I am going to go over my essay again.]
🚶♀️ Go through
သေသေချာချာ တစ်လုံးချင်းဖတ်တာကို ဆိုလိုပါတယ်။
[Let’s go through the assignment slowly.]
🚶♀️ Go for
ကြိုးစားကြည့်တာ၊ tryကြည့်တာလို့ အဓိပ္ပာယ်ရပါတယ်။
[He is going for 1st place in the class.]
🚶♀️ Go off
မြည်တာ၊ ပေါက်ကွဲတာကို ဆိုလိုပါတယ်။
[The alarm went off at 8.]
🚶♀️ Go after
မီအောင် အနောက်ကနေလိုက်တာလို့ အဓိပ္ပာယ်ရပါတယ်။
[If you don’t go after the bus, you will be late.]
ဒီနေ့ရဲ့ Phrasal verb လေးတွေကလည်း ကိုယ့်ရဲ့ English စာ ခရီးလမ်းတစ်နေရာမှာ အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ မနက်ဖြန်မှာလည်း အသုံးဝင်မယ့် Englishစာလေးတွေကို ဆက်လက်ဝေမျှသွားမှာမို့ တူတူလေ့လာကြရအောင်ပါ။ See you tomorrow 👋!