[Daily Dose of English] 🕗 Phrasal verbs in work
top of page

[Daily Dose of English] 🕗 Phrasal verbs in work

Hello everyone 👋! ဒီနေ့ရဲ့ Dose လေးမှာတော့ အားလုံးအတွက် အသုံးဝင်မယ့် Phrasal Verb လေးတွေကို ပြောပြပေးမယ့် အလှည့်လေးကို ပြန်လည်ရောက်ရှိလာပါပြီ။ ဒီနေ့ရဲ့ Phrasal Verb တွေကတော့ အလုပ်နဲ့ဆိုင်တဲ့ Phrasal verb လေးတွေ ဖြစ်ပါတယ်။ Let’s see what’s in here



👔 Hand in

ကိုယ့်ထက် ရာထူးကြီးတဲ့ သူဆီ တစ်ခုခုကို ပေးတာကို ခေါ်ပါတယ်။ လုပ်စရာ ရှိတဲ့ အလုပ်တွေကို ပြီးလို့ ပေးလိုက်တာမျိုးမှာ သုံးပါတယ်။

[You must all hand in your projects by the end of next week.]


👔 Knuckle down

လုပ်ကို ကြိုးကြိုးစားစား စလုပ်တယ်လို့ အဓိပ္ပာယ်ရပါတယ်။

[I’m going to knuckle down to some serious study.]


👔 Take on

အလုပ်ခန့်တာကို ဆိုလိုပါတယ်။

[She was taken on as a trainee.]


👔 Call off

ဖျက်လိုက်တယ် ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ Cancel လုပ်တာနဲ့ အဓိပ္ပာယ်တူတူပဲ ဖြစ်ပါတယ်။

[They have called off the meeting.]


👔 Burn out

အရမ်းပင်ပန်းပြီး အားအင်ကုန်ခမ်းသွားတာကို ဆိုလိုပါတယ်။

[If he doesn’t stop working so hard, he’ll burn himself out.]


ဒီနေ့မှာတော့ လုပ်ငန်းခွင်မှာ အသုံးတည့်မယ့် Phrasal verb တွေကို သိရှိသွားကြလိမ့်မယ်လို့ ထင်ပါတယ်။ နောက်နေ့တွေမှာလည်း ကိုယ့်ရဲ့ Language Journey မှာ အသုံးဝင်မယ့် English Dose လေးတွေကို မျှဝေပေးသွားမှာဖြစ်လို့ တူတူဆက်လေ့လာကြရအောင်ပါ။ See you tomorrow 👋


23 views0 comments

Recent Posts

See All
bottom of page