[Daily Dose of English] 🕗 Phrasal verbs with 'Work'
top of page

[Daily Dose of English] 🕗 Phrasal verbs with 'Work'

What’s good, everyone 👋? ဒီနေ့ရဲ့ Daily Dose မှာတော့ Phrasal verb လေးတွေကို လေ့လာကြမှာ ဖြစ်ပါတယ်။ ‘Work’ ဆိုတဲ့ စကားလုံးလေး ပါဝင်တဲ့ Phrasal verb လေးတွေကို တူတူလေ့လာကြရအောင်ပါ။ Let’s get started 🙌



#1 work something out

တစ်ခုခုကို တွက်ချက်တာ

တစ်ခုခုကို နားလည်အောင် လုပ်တာ၊ အဖြေရှာတာမျိုးကို ဆိုလိုပါတယ်။

[ He has been working that problem out for (40) minutes.]


#2 work on something

တစ်ခုခုကို တိုးတက်အောင် ကြိုးစားတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

[ You really need to work on getting up early.]


#3 work something off

တစ်ခုခုကို မရှိတော့အောင် လုပ်တယ်၊ ဖယ်ရှားတယ် လို့ အဓိပ္ပာယ်ရပါတယ်။

[Finish the work off before you leave for your holiday.]


#4 work towards something

တစ်ခုခုကို ဦးတည်ပြီး ဒါမှမဟုတ် တစ်ခုခုကို ရည်ရွယ်ချက်ထားပြီး လုပ်တာကို ခေါ်ပါတယ်။

[ I am gonna work toward my goal of losing 8 pounds.]


#5 work something up

တစ်ခုခုကို တိုးတက်ကြီးများလာအောင် လုပ်တာ၊ (idea, planလိုမျိုး) တစ်ခုခုကို အသေးစိတ်ကအစ အဆင့်မြှင့်လာတာမျိုး ကို ဆိုလိုပါတယ်။

[ Let’s continue working that idea up.]


ဒီနေ့မှာ Phrasal verb လေးတွေကို လေ့လာလိုက်ရလို့ အကျိုးရှိပြီး အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မနက်ဖြန်မှာလည်း Englishစာတွေ မျှဝေပေးဖို့ ပြန်လာခဲ့ပါမယ်နော်။ See you tomorrow 👋


18 views0 comments

Recent Posts

See All
bottom of page